အမေ သားပြန်လာပါမယ်
ယုံကြည်စွာစောင့်နေပေးပါ
တစ်ခါက သားစိတ်ကူးယဉ်တာတွေ ရပ်လိုက်တော့တဲ့
အမေပြောဖူးတယ်
သားရဲ့နှလုံးသားနဲ့ဦးနှောက်တွှေ
ကောင်းမွှန်ပြည့်စုံလာအောင်စာကပေးတယ်လို့
ကျွန်တော်ပြောခဲ့လေသလား
ဘ၀မှာဘာမှမဖြစ်ချင်ပါဘူးအမေ
အခုအချိန်မှာ
အမေနဲ့အဖွား
ဘုရားကျောင်းကန် စိတ်အေးလက်အေးသွှားနိုင်အောင်
အိုဇာတာကောင်းစေဖို့
လုပ်ပေးချင်တာ ဖြစ်ချင်ခဲ့တာ
အဲဒါပါပဲ
သားငယ်ငယ်ကဆိုးခဲ့မိုက်ခဲ့တော့
အမေတို့ပင်ပန်းခဲ့တာ သတိရတယ်
အခုအမေတို့ အတွက်သားပင်ပန်းတာ
အပြုံးမပျက်ပါဘူးအမေ
ပင်ပန်းတယ်ဆိုရင်တောင်
သားအတွက်တော့လှပထိုက်တန်တဲ့ပင်ပန်းမူပါပဲ
အလှည့်အပြောင်းဆိုတာ ရှိတယ်လေအမေ
သားအခုလမ်းအကွေ့မှာခဏယိုင်လဲခဲ့တာပါ
အမေစိတ်မပူပါနဲ့
စောင့်နေပေးပါ
အမေတို့ရဲ့ရှေ့မှာ
သားမားမားမက်မက် ရပ်တည်လျှောက်လှမ်း
သွားမယ်ဆိုတာ
ယုံကြည်ရင်းနဲ့
စောင့်နေပေးပါအမေ
ဇော်ရွှေ
No comments:
Post a Comment